Offer of Employment 内定通知

ဂျပန်ရောက်မြန်မာလူငယ်များအတွက် Good News 🎉🎉🎉

ဒီနေ့ (ဩဂုတ်လ (၃၁) ရက်)၊ နေ့လယ်ပိုင်းမှာ Charmya Job မှ မိတ်ဆက်ပေးထားတဲ့ မြန်မာလူငယ် (၂) ယောက်ကို အလုပ်ခန့်လိုက်ကြောင်း ဂျပန်ဟိုတယ်ကုမ္ပဏီကြီးတစ်ခုဆီက ဖုန်းဆက်အကြောင်းကြားလာပါတယ်။


အနာဂါတ်ရဲ့ဟိုတယ်မန်နေဂျာအဖြစ်မျှော်မှန်းပြီး ခန့်ထားမယ့် ဒီ Position မှာ မြန်မာနိုင်ငံသား လူငယ် (၂) ဦး ရွေးချယ်ခံရတာဖြစ်ပြီး နောက်ထပ် ကြိုးစားတဲ့ မြန်မာလူမျိုးများကို ထပ်ခန့်ချင်ကြောင်း ပြောကြားလာလို့ ပိုပြီးဝမ်းသာမိပါတယ်။

ဒီဟိုတယ်လုပ်ငန်းကြီးဟာ ဂျပန်နိုင်ငံအနှံ့မှာ ဟိုတယ်တွေ တိုးချဲ့နေတာကြောင့် ထူးချွန်ထက်မြတ်တဲ့ မြန်မာလူငယ်လူလတ်များကိုလည်း အသိအမှတ်ပြုပြီး ရာထူးနေရာကောင်းတဲ့ Position တွေမှာ ရွေးချယ်ခန့်ထားနေပါတယ်။


အလုပ်ရသွားတဲ့ မြန်မာလူငယ်နှစ်ဦးနဲ့ထပ်တူ Charmya Job က ဝမ်းသာဂုဏ်ယူပါတယ်။

Share the Post: