ဂျပန်အလုပ်ခေါ်စာကြည့်နည်း

အလုပ်ခေါ်စာတွေ့တာနဲ့ လစာကိုပဲကြည့်မိပြီး တခြားအချက်တွေကိုသေချာမကြည့်မိလို့ လုပ်ငန်းခွင်ရောက်တဲ့အခါ အဆင်မပြေတာနဲ့ အလုပ်ခဏခဏပြောင်းနေရတာမျိုးမဖြစ်ရအောင် …

လစာအပြင် နောက်ထပ်ဘယ်အချက်တွေကိုပါ သေချာကြည့်ရမလဲ ?

၁။ မိမိလုပ်ရမယ့်အလုပ်/အလုပ်အမျိုးအစား (業務内容)

—————-

ပထမဆုံးအနေနဲ့ ဘာတွေလုပ်ရမှာလဲ၊ ဘယ်လိုအလုပ်မျိုးလဲ၊ မိမိနဲ့ကိုက်ညီပြီး ရေရှည်အဆင်ပြေပါ့မလား စတဲ့အချက်တွေကို သေချာနားလည်အောင်လုပ်ဖို့လိုပါတယ်။ နားမလည်သေးရင် အင်တာဗျူးတဲ့အခါ သေချာပြန်မေးပါ။

၂။ စာချုပ်သက်တမ်း (雇用契約期間)

—————–

အလုပ်ခေါ်စာထဲမှာ ပုံမှန်ဝန်ထမ်း၊ အချိန်ပိုင်းဝန်ထမ်း၊ စာချုပ်ဝန်ထမ်းဆိုပြီးဖော်ပြထားတတ်ပါတယ်။ ဖော်ပြမထားရင် သေချာပြန်မေးဖို့လိုပါတယ်။ ပုံမှန်ဝန်ထမ်းဆိုရင် စာချုပ်မရှိပါဘူး။ စာချုပ်ဝန်ထမ်းဆိုပြီး ဖော်ပြထားပါက ဘယ်နှနှစ်သက်တမ်းလဲ၊ သက်တမ်းပြည့်ရင်ထပ်တိုးဖို့ရှိလား သေချာကြည့်ပါ။

၃။ အလုပ်နေရာ(勤務場所)

——————-

အလုပ်သွားရမယ့်နေရာက မိမိနေအိမ်နဲ့နီးလား၊ သွားရလာရအဆင်ပြေပါ့မလား သေချာကြည့်ဖို့လိုပါမယ်။ အလုပ်နေရာကိုဖော်ပြထားပေမယ့်နောက်ပိုင်းမှာအခြားမြို့တွေကိုပြောင်းရွှေ့ရနိုင်လား သေချာဖတ်ပါ။

၄။ အလုပ်ချိန် (勤務時間)

——————

ပုံမှန်အားဖြင့်တစ်နေ့မှာ အလုပ်ချိန် (၈) နာရီသတ်မှတ်ထားပါတယ်။ ပုံမှန်အလုပ်ချိန်လား ဒါမှမဟုတ် အချိန်အပိုင်းခြားလုပ်ရမှာလား (Shift Time) … သေချာဖတ်ရပါမယ်။ နောက်အရေးကြီးတဲ့အချက်က အချိန်ပိုကြေးပါ။ တချို့အလုပ်တွေမှာ အချိန်ပို (၂၅) နာရီက ပုံမှန်အလုပ်ချိန်မှာပါပြီးသားလို့ ဖော်ပြထားပါတယ်။ ဒီအတွက်အချိန်ပိုကြေးရမှာမဟုတ်ပါဘူး။ (၂၅) နာရီကျော်ပြီးနောက်ပိုင်းအချိန်ပိုလုပ်အားအတွက်သာ အချိန်ပိုကြေးရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်အလုပ်ချိန်နဲ့ အချိန်ပိုကြေးခံစားခွင့်ကို သေချာကြည့်ဖို့လိုပါမယ်။

၅။ ဗီဇာအမျိုးအစား

——————

ဗီဇာအမျိုးအစားကတော့ရှင်းပါတယ်။ လက်ရှိခေါ်နေတဲ့အလုပ်က ဘယ်ဗီဇာနဲ့ခေါ်နေတာလဲ … Training Visa ? Tokutei Ginou Visa? Work Visa ? လားဆိုတာ သေချာဖတ်ရပါမယ်။

၆။ ကျန်းမာရေးအာမခံနှင့် ပင်စင်ခွန် 雇用保険・社会保険

————————

ကုမ္ပဏီတော်တော်များများက ကျန်းမာရေးအာမခံ၊ ပင်စင်ခွန်တွေကို လုပ်ပေးပါတယ်။ တချို့ကုမ္ပဏီတွေက မလုပ်ပေးတာတွေလဲရှိပါတယ်။ ဒါကြောင့် အလုပ်ခေါ်စာမှာ အာမခံကိစ္စတွေပေးလား မပေးဘူးလား သေချာဖတ်ရပါမယ်။

၇။ အခြားခံစားခွင့်များ

——————-

လစာအပြင် ကုမ္ပဏီဘက်ကနေ အဆောင်စီစဥ်ပေးလား၊ ဒါမှမဟုတ် အဆောင်ခထောက်ပံ့ပေးလား၊ လမ်းစရိတ်၊ နယ်ပြောင်းရရင် အိမ်ပြောင်းရွှေ့စရိတ်တွေပေးလား၊ အခြားခံစားခွင့်တွေဘာတွေရှိသေးလဲ စတဲ့အချက်တွေကို သေချာဖတ်ရပါမယ်။

Share the Post:

Related Posts

Offer of Employment 内定通知

ဂျပန်ရောက်မြန်မာလူငယ်များအတွက် Good News  ဒီနေ့ (ဩဂုတ်လ (၃၁) ရက်)၊ နေ့လယ်ပိုင်းမှာ Charmya Job မှ မိတ်ဆက်ပေးထားတဲ့ မြန်မာလူငယ် (၂) ယောက်ကို အလုပ်ခန့်လိုက်ကြောင်း ဂျပန်ဟိုတယ်ကုမ္ပဏီကြီးတစ်ခုဆီက ဖုန်းဆက်အကြောင်းကြားလာပါတယ်။

Read More

ဂျပန်ရောက်မြန်မာလူငယ်များအလုပ်လုပ်နေတဲ့ဟိုတယ်လေးဆီသို့အလည်တစ်ခေါက်

ဂျပန်နိုင်ငံဒေသအသီးသီးမှာရှိတဲ့ ဒီဟိုတယ်လုပ်ငန်းမှာ အလုပ်ဝင်ချင်တယ်ဆိုရင်တော့ Charmay Job မှာ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်

Read More

အလုပ်ခေါ်စာတွေမှာ အများစုတွေ့ရတဲ့ ဂျပန်နိုင်ငံလစာစနစ် (၄)မျိုးအကြောင်း

အလုပ်ရှာနေသူများနဲ့အလုပ်ပြောင်းချင်နေသူများသေချာသိထားသင့်တဲ့ ဂျပန်နိုင်ငံရဲ့လစာစနစ်တွေ အကြောင်းကို မျှဝေလိုက်ပါတယ်။ ဒီလစာစနစ်တွေက အလုပ်ခေါ်စာအများစုမှာတွေ့ရတဲ့ လစာစနစ်တွေဖြစ်ပါတယ်။

Read More